Saturday, September 8, 2012

ကဗျာကိုလွမ်းမိပြီ

ကဗျာရေ.....

တစ်ခါတစ်လေမှာ

ရင်ဘက်ပျောက်နေတဲ့အခါတွေမှာ

ကဗျာလေးတွေအစရှာမရလို့

လွမ်းမိတယ်....

တစ်ခါတစ်လေမှာ

ချစ်သူထက်ကဗျာလေးက

ပိုလွမ်းဖို့ကောင်းနေပြန်ရော

အချစ်ခံစားမှုနဲ့ကျတော့လည်း

သူကအဖော်အဖြစ်ကူခံစားပေးပြီး

ရင်တွင်းခံစားအဖြစ်များကို

သူမသိလည်းကဗျာသိတယ်

သူမချစ်လည်းကဗျာလေးကချစ်တက်တယ်

သူကလွမ်းခွင့်သတိရခွင့်မပေးလဲ

ကဗျာလေးကလွမ်းခွင့်သတိရခွင့်ပေးတယ်

အရာရာကိုခံစားပေးတဲ့ကဗျာလေးရေ

ရင်ဘက်ပျောက်လည်းကဗျာတော့

လွမ်းမိပြီ.......




No comments:

Post a Comment