Thursday, October 11, 2012

အနုရွနဲ့အလှတွေစီ

တကယ်တော့တို့ဘ၀က
ကိုယ့်ရင်ကိုကိုယ်ငုံကြည့်ခွင့်မရှိအောင်
ရုန်းကန်နေတဲ့လူလေ
မကြုံဖူးတာတွေခံစား
မတက်တတက်နဲ့စာတွေစီ
ကဗျာဆီတော့မရောက်
ဟာသတွေအဖောက်ခံရအောင်
တို့ခံစားမှုတွေကညံ့ဖျင်း
လူတစ်ချို့ရယ်နေကြလေရဲ့
ဒါတွေကိုမတွေးနိုင်ခဲ့အောင်
ထူးလှတဲ့သူ့စကားတွေ
အနုရွနဲ့အလှတွေစီ
အသာတကြည်ထွက်ခွာသွားရက်သူ
မေ့နိုင်အောင်တော့ကြိုးစားနေမှာပါ
တွေ့ရင်တောင်ရှောင်နေတက်တဲ့
နင့်ကိုပေါ့

No comments:

Post a Comment