Friday, November 9, 2012

♥♥♥(~,~)=မွေးရပ်ဇာတိရဲ့ဆောင်းမနက်ကိုလွမ်းတယ်=(~,~)♥♥♥

မြူနှင်းတွေအုံ့ဆိုင်းတဲ့

ဆောင်းမနက်ခင်းလေးမှာ

အပေါင်းဖော်တွေနဲ့

လယ်ထဲဆင်းရတဲ့

ဘ၀အရသာလေးရယ်

မနက်လင်းမှာ

အမေချက်ပေးတဲ့

ကောက်ညှင်းဆီထမင်းလေးနဲ့

ငါကြော်လေးတွေရယ် ကို

တမ်းတနေမိတယ်
ခုတော့အတွေ့းတွေရယ်

အဖြည်းဖြည်းနဲ့

ကြီးရင့်လာတဲ့အသက်တွေရယ်

ဖြတ်သန်းရတဲ့ဘ၀တွေရယ်

လျောက်နေရတဲ့ခရီးတွေရယ်

ရှာဖွေနေရတဲ့ သင်ညာတွေရယ်

ရယ်'''ပေါင်းများစွာနဲ့

လှောင်အိမ်ထဲရောက်နေတဲ့

ငှက်တစ်ကောင်လို

မလွတ်လပ်နိုင်တော့တာအမှန်ပါ

အပျော်တွေဝေးးးးးဝေးးလာတဲ့

ဆောင်းမနက်နဲ့အတူ

မွေးရပ်ဇာတိကိုလွမ်းတယ်

No comments:

Post a Comment