မရှိမှ သိတဲ့ တန်းဖိုး
စာတွေရေးချင်တဲ့ကျမ ဘာရေးရမလဲပေါ့နော်
ကိုရေးလို့သူများကလာဖတ်မိတဲ့အခါဘာမှအဓိပါယ်မရှိဘူးဆိုရင်လဲ
ရှက်စရာကြီး
တကယ်တော့ရေချင်မိတာကြာခဲ့ပါပြီ ငယ်ဘ၀အကြောင်းလေပေါ့
ငယ်ဆို သိတက်စ
၉နှစ်လောက်ကပေါ့ အဲ့ကတည်းကစလိုက်တဲ့ဘဝ
ခုချိန်ထိကိုမအေးချမ်းသေးတာ
ဟူး မှတ်မှတ်ရရပေါ့
ဖေဖေဆုံးမဲ့နေ.မှာ
မနက်သုံးနာရီလောက်ကတည်းကဖေဖေကအမောဖောက်နေရှာတာ
သနားပါတယ်
ဆုံးသွားရင်တော့ရောဂါခံစားရသက်သာမှလို့တွေးမိတာပေါ့
တကယ်တော့
ကိုယ့်ကိုမွေးခဲ့တဲ့မိဘအနားတောင်မကပ်ရဲတဲ့ကြောက်စိတ်ကြောင့်
ဖေဖေဆုံးတာ
အနားမှာမနေခဲ့မိဘူးလေ……………..ကြောက်ပြီးကျောင်းကိုသွားခဲ့တာ
နေ့လည်ထမင်းစားဆင်းတော့သူငယ်ချင်းတစ်ယောက်ကလာခေါ်တယ်။
နင့်အဖေ ဆုံးပြီတဲ့
အဲ့ချိန်မှာကျမကပြန်ပြောလိုက်တယ် ငါထင်ပါတယ်ဟာ
တကယ်တော့ မိဘဆိုတဲ့ တန်ဖိုးကို ကျမနားမလည်မခံစားတက်သေးခဲ့လို့ပါ
ဆင်ရဲနွမ်းပါတဲ့ဖေဖေတဲ့
ဖေဖေနဲ့မေမေရဲ့သာသမီးတွေထဲမှာကျမက အငယ်ဆုံးပေါ့
ဖေဖေဆုံးလို့
ဆွမ်းသွပ်ပြီးတဲ့နေ့မှာပဲ မမကြီးနဲ့မမလေးက
အဒေါ်ဝမ်းကွဲ
တွေရှိတဲ့တောရွာကိုသွားပြီကောက်စိုက်ရတယ်လေ
ဖေဖေရဲ့ ရောဂါကုသစရိတ်တွေရယ်
နာရေးစရိတ်တွေရယ်ဆပ်ဖို့အရေးပေါ့
အဲ့ညနေ့ကစလို့ မေမေနဲလဲခွဲနေခဲ့ရတယ် မေမေကလည်းသူလုပ်ကိုင်တက်တဲ့ဓျေးရောင်းပေါ့
ညအိပ်ခရီးရှည်သွားရောင်းတာလေ
အဲ့လိုနဲ့ကျမက ကျန်နေခဲ့ရတယ်
ကိုကြီးတို့လင်မယားနှစ်ယောက်အိမ်မှာ ယောင်းမကလဲပျင်းမှပျင်း
ကျမက အဲ့အချိန်တုန်းက
ကျောင်းကို မူလတန်း ၄ တန်းတက်တာကို
အဲ့လိုနဲ့
မမတို့ကလည်းအကြွေးကြေရေးအလုပ်တွေလုပ် မိုးပြီးနွေ
နွေပြီးဆောင်းနဲ့
အကြွေးတွေသွားဆပ်နေရရှာတာ
ကျမကိုလည်းကျောင်းဆက်ထားမယ်ပေါ့
ဒါပေမဲ့ အကြွေးတွေနဲ့လုံးပန်းနေရတဲ့အမတွေကို မကြည့်ရက်တော့ဘူးလေ
ကျမ ကျောင်းမတက်တော့ပဲနဲ့
ကျဘန်းအလုပ်လေးတွေလိုက်လုပ်ဖြစ်တယ်
အကိုအိမ်မှာစားရတာကို
မေမေနဲ့လည်းအတူမနေရပဲ မေမေကလည်းခရီးပဲသွားနေရတယ်လေ
နောက်တော့မေမေက
ရန်ကုန်မှာအလုပ်သွားလုပ်တော့ သူအလုပ်ဝင်တဲ့ဆန်ဆိုင်နားလေးက
ထမင်းဆိုင်လေးကစားပွဲထိုးလိုတယ်ဆိုတော့
မေမေကရွာပြန်လာပြီခေါ်တာပေါ့
နီးနီးနားနားတွေ့ရတယ်လေ ဒီလိုနဲ့ရန်ကုန်မြို့ကြီးကို ကျမ ၁၁ နှစ်အရွယ်မှာစခြေချခဲ့တာပေါ့
ထမင်းဆိုပိုင်ရှင်
အဖိုးနဲ့အဘွားကလဲ ကောင်းကြပါတယ်
အဲ့လိုနဲ့
မမလေးနဲ့မမကြီးကိုပါခေါ်ခွင့်ပေးခဲ့တယ်
ညီအမ သုံးယောက်စရိတ်ငြိမ်းလစာ
တစ်လမှ 1000 တစ်ထောင်ပဲရတဲ့အလုပ်လေးမှာမှီခိုရင်
နေလာကြတာ
2 နှစ်နေဖြစ်ခဲ့တယ် အရန်းပဲသဘောကောင်းတယ်ထင်ရတဲ့
အဖိုးနဲ့အဘွားက ကျမတို့ ညီအမတွေကိုလစာတွေလည်းတိုးမပေးပဲနဲ့မသိဟန်ဆောင်နေကြတာကို
အပြင်လေ့လာမှု့မရှိသလောက်နည်းခဲ့တဲ့
ကျမတို့ကဘယ်သိပါလိမ့်မလဲ တနေ့မှာအဒေါ်တစ်ယောက်က
ရောက်လာခဲ့တယ်
အဲ့အဒေါ်ကလည်းဆန်ဆိုင်အလုပ်သမပဲလေ
သူကတော့ဆန်တွေကိုဝယ်သူတွေရဲ့အိမ်တွေလိုက်ပို့ရတဲသူဆိုတော
ရန်ကုန်မြို့ရဲ့
အပြင်လောကကိုသိသင့်သလောက်သိတဲ့သူပေါ့လေ
အဒေါ်က မမတို့ကိုမေးတယ်
လစာဘယ်လောက်ပေးလဲတဲ့ မမတို့ကတစ်လကို
1000 လို့ပြောတော့
စိတ်တိုသွားတယ်လေ
မေမေ့ကို မေမေကတော့မသိဘူး သူအလုပ်လုပ်ရတဲ့ဆိုင်လေးအထဲမှာပဲ
ဆန်အမျိုးစားကောင်းမကောင်း
ဆန်းပြီးထမင်းချက်ပေးရတာနဲ့ ဆန်တွေအသန့်လုပ်ပေးရတာပဲသိတာကို
တနေ့တော့
ရွာကအကိုတို့လင်မယားနဲ့တူမလေးလိုက်လာပါလေရော လိုက်လာတော့ သူတို့ပြန်ဖို့ဆိုပြီး
မမကြီးက သုံးယောက်သားရတဲ့လစာလေး
သုံးလစာလောက်ပေးလိုက်ရရှာတာပေါ့
ကျမတို့ မိသာစုက
ချမ်းသာတာလဲပြောမနေနဲ့ ပြောစရာမှမရှိတာကို နော
အဲ့လိုနဲ့ဘာမှလည်းမစုမိနိုင်ပြန်ဘူး
အကိုတို့ ကပုံမှန်လာနေတာကို
နောက်တော့အဒေါ်ကမကြည့်ရက်တော့တာနဲ့ သူနဲ့အတူနေမယ် ပြီတော့လှိုင်သာယာစက်မှု့စုန်မှာ
အလုပ်လိုက်ရှာမယ်ဆိုပြီး
လာခေါ်မှ ဆိုင်ပိုင်ရှင်တွေကလစာတိုးပေးတယ်လေမထွက်ပါနဲ့တဲ့
တစ်လကို တစ်ယောက်
15000 တစ်သောင်းခွဲပေးပါတယ်တဲ့လေ 1000 နဲ
့ခိုင်းထားတာ
ပြန်မှ 15000 ပေးတာကိုစဉ်းစားသာကြည့်တော့ လူတွေရဲ့သဘောကိုပြောပါတယ်
တစ်ချို့ 
တစ်ချို့ ရဲ့စိတ်တွေက အခက်ခဲ့ရှိတဲ့ဘူကိကူညီချင်ကြသလို တစ်ချို့  တစ်ချို့ ကတော့
အခက်ခဲရှိတဲ့လူကို
အခွင့်ကောင်းယူပြီးခိုင်းစားတက်ကြတယ်
အခွင့်ရေးဆိုတာလူတိုင်းမှာရှိပါတယ်
အခွင့်ကောင်းကိုတော့
နေရာတိုင်းအသုံးမချမိစေနဲ့ ပေါ့
အခွင်ရေးနဲ့  အခွင့်ကောင်းကို သေချာခွဲခြားနားလည်းရင် အခက်ခဲတွေ
ဖြေရှင်းရလွယ်မှာပါ ဒီစာရေးမိသူ
ကျမ ကလည်းလက်ရှိမှာ
အခက်ခဲတွေနဲ
့ရင်ဆိုင်နေရတဲ့သူပါပဲအကြောင်းအရာလေးတွေးလေးတွေနဲ့အတူ
တန်ဖိုးမသိခဲ့မိတဲ့
အရွယ်က မိသားစုဆိုတာကို ခုမှနှောင်းနောင်တနဲ့
အတူ
မရှိတော့တဲ့
ဖေဖေ့ကို တမ်းတ အနေဝေးနေရတဲ့ အသက်တွေကြီးနေပြီဖြစ်တဲ့မေမေးကို
လွမ်းရင်းနဲ့ အတွေးတစ်ချို
့ကိုမျှဝေလိုက်တာပါ…..
စိတ်ထဲရှိတာရင်ဖွင့်မိပါသည် .............အမှားများပါရင် နားလည်းပေးကြပါနော်
No comments:
Post a Comment