Friday, February 22, 2013

!!!!!!!!!!!!!##ကျဆုံး ခြင်း ဇာပန##!!!!!!!!!!!


ငါ.............

မွန်းကြပ်လိုက်တာ 

ငါ  ဒါဘယ်ရောက်နေတာလဲ 

နံရံ ဟုတ်တယ် အခန်းတခန်းထဲမှာ

တိတ်ဆိတ်ခြင်းတွေက

ငါ့ ကိုခြောက်လှန့်  နေတယ်

ဘယ်သူရှိလဲ........

ကြောက်လို့ ပါ

မလှန့် ပါနဲ့ 

ငါ့ နှလုံးသားသေဆုံးလို့ 

ငါ အဖော်မဲ့နေတဲ့ သူပါ

မျှော်လင့် ခြင်း တွေ

ပျော်ရွှင် ခြင်း တွေ

နွေးထွေး ခြင်း တွေပါ

အကုန်  သေဆုံး သွားခဲ့ပြီ

ငါ တစ်ယောက်တည်း

ဒီ အခမ်းနားကို

မခမ်းနား တဲ့ပြုံးနဲ့ 

အလင်း မရှိတဲ့

ဒီ အခန်း  ခပ် မှိန်မှိန်

မီးအိမ်ကလေးနဲ့ 

ကျရှုံး ခြင်း ဆိုတဲ့

ဇာပန ကို ကျင်းပချိန်ပေါ့

No comments:

Post a Comment