Saturday, September 8, 2012

ခမ်းနားတဲ့ အချစ်

ချစ်သူ.....
နင်ကလမင်းကြီးဆို
မျက်နှာချင်းဆိုင်တည်ရှိနေတဲ့
ငါက မိုးကုတ်စက်ဝိုင်းလေးပေါ့
နီးခြင်းဝေးခြင်းဆိုတဲ့
ပညက်ချက်တွေက
နင် နဲ့ ငါ့အတွက်
မရှိခဲ့ပါဘူး
နင်က ငါ့ အနားမှာ
အမြဲရှိသလို ငါရဲ့
နှစ်လုံးသား အနက်ရှိုင်းဆုံးမှာ
နင်ရှိနေတယ်လေ
သူများတွေ အတွက်
နင့် အချစ်ကမဆန်းပြားပေမဲ့
ငါ့ အတွက်
နင့် အချစ်တွေကခမ်းနားပါတယ်

No comments:

Post a Comment