Saturday, September 8, 2012

စက္ကန့်နဲ့အမျှ....အလွမ်းများ

ချစ်သူ
ငါ  မနက်လင်းကတည်းက
နင့် အကြောင်းတွေးပြီး
နင့်ကို  လွမ်းနေရတာပါ
နင့်ကို လွမ်းတယ်
စက္ကန့်နဲ့အမျှပေါ့
နင် မရှိတော့တဲ့
နေ့ရက်တွေမှာ
နင့်အကြောင်းတွေးရင်
အိမ်မက်တွေကနိုးဆွနေတော့
ငါ နိုးမထချင်ခဲ့ဘူးလေ
ဆုံနိုင်ခွင့် အချစ်ဆိုတာ
နင်နဲ့ ငါ့အတွက်
မျဉ်းပြိုင်နှစ်ကြောင်းအဖြစ်
တွေ့ဆုံခဲ့ကြကတည်းက
အဆုံးသတ်မလှနိုင်ဘူးဆိုတာ
သိသိရက်နဲ့ရှေ့ဆက်ခဲ့မိကြလို့ပါ
ချစ်ခဲ့ကြတဲ့နေ့ရက်တွေ
တိမ်လိုပျောက်ကွယ်ခဲ့ပေမဲ့
လေလိုအချစ်တွေကို
အိမ်မက် အဖြစ်သိမ်းပိုက်ပြီး
ငါ ပျော်နေခဲ့တာပါ

No comments:

Post a Comment