အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Sunday, September 9, 2012

ချစ်ဆုံး

ချစ်ဆုံး

အရမ်းချစ်ခဲ့လို့ 

ချစ်ဆုံးလို့ခေါ်ခွင့်ပြုနော်

ချစ်ခဲ့ရတဲ့အချိန်လေးတွေ

မကြာခဲ့ပေမဲ့ မိုးအချစ်တွေက

ထာဝရအတွက်

တည်ရှိနေမှာပါ

ချစ်ဆုံးကို  မိုးချစ်ခဲ့တာ

ရွေးချယ်မှုတစ်ခုအဖြစ်

ချစ်ခဲ့တာမဟုတ်ဘူးနော်

နှလုံးသားရဲ့အလိုဆန္ဒကပါ

ချစ်ဆုံးက မချစ်နိုင်တော့လို့

ရှောင်သွားခဲ့လည်း

မိုး  နှလုံးသာက

ခွင့်လွတ်နေမှာပါ

မိုး သိထားတဲ့အချစ်က

အချစ်တစ်ခုကို ပိုင်ဆိုင်ရပြီဆိုရင်

ဆုံးရှုံးဖို့ တစ်ဝက်သေချာနေပြီဆိုတာပါ

No comments:

Post a Comment