အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Tuesday, September 11, 2012

ဆုံးရှုံးခြင်းနဲ့ ရှင်သန်နေတဲ့ ဘ၀အချို့အချို့


   လူရယ်လို့ဖြစ်လာပြီဆိုရင်  လူသားတိုင်းကမျှော်လင့်ခြင်းနဲ့ရှင်သန်ကြတာကိုအဲ့ထဲမှာမှပြောပြလို့မရတဲ့မသင့်တဲ့ ဘ၀ဖြတ်သန်းခြင်းတွေနဲ့လည်းဖြတ်သန်းကြရတယ် .......
         
          ရှင်သန်ခြင်းဆိုတဲ့ခေါင်းစဉ်ကြောင့်သာဖြတ်သန်းနေကြတာပါ
 ဖြစ်နိုင်ရင်ပေဆပ်မှုအရင်အနှီးတွေကြောင့်
စိတ်ဓါတ်ရဲ့ ဆုံးရှုံးခြင်းတွေ ဘ၀ရဲ့ဆုံးရှုံးခြင်းတွေ  ဆုံးရှုံးမှုအမျိုးမျိုးနဲ့ ရပ်တည့်မှုပြုနေကြတဲ့
လူတစ်ချိုပေါ့  စာနာမိပါတယ် ဘ၀ဆိုတာ .........

     တည်မြဲခြင်းမရှိပေမဲ့ ခိုင်မာအောင်တည်ဆောက်နေကြရတာပါ ...။ကျွန်မလဲအပါဝင်ပေါ့ အနှစ်သာရမရှိတဲ့ဘ၀မှာရှင်သန်မှုဆိုတာလဲ   စိတ်ဓါတ်ခွန်းအား  ကြံခိုင်မှု မြေဆီမပေးနိုင်ခဲ့ရင်
နောက်ကိုလှည်ကြည့်လဲ ဘာမှမရှိတဲ့ ဟင်းလင်းပြင်ကြီးပါ အဲ့ဟင်းလင်းပြင်ကြီးကိုစိမ်းလန်းစိုပြေစေဖို့
အရင်အနှီးကဘာလဲ........?  စိတ်ဓါတ်ပါပဲ ဒါပေမဲ့..........
         
     ( ၀ ) သုံညက သုံည ဖြစ်ဖြစ်နေတဲ့အခါမျိုးတွေပဲကြုံဆုံနေရတယ်...။
ကြိုစားပြီးရပ်တည်နေခဲ့ရပေမဲ့  ဆုံးရှုံးခြင်းဆိုတဲ့ဝေါ်ဟာရကို ဖြတ်သန်းရတာရင်မောလှစွာ
အချိန်တွေစတေးရပြန်ရော  အဲ့တာနဲ့အသက်တွေ ကြီးကြီးလာခဲ့ပြီ အမြင်တွေကမကြည်လင်လာတော့
ပန်းတိုင်ဆိုတာလဲေ၀၀ါသွားခဲ့ရတယ်........

    ပန်းတိုင်ဆိုတာ လျှောက်နိုင်သူရောက်နိုင်တာဆိုပေမဲ့
ဘ၀ရဲ့ အတိတ်ကံကြောင့် ပြုသမျှလွဲနေခဲ့ရင်ရော ဘယ်လိုဆုံးဖြတ်ပြီးဘယ်လိုရှေ့ဆက်မလဲ
ဘ၀ ထဲက ဘ၀ ဆိုပေမဲ့လို့  လဲကျတဲ့အချိန်တွေကို ပြန်ယူနေရတဲ့အင်းအားတွေ ဖြူစင်ရိုးသားခြင်းတွေ
စားသုံးခံလိုက်ရတဲ့လူအချို့  အဲ့လိုနဲ့ရပ်တည်ရင်းဒဏ်ခံနိုင်ပါ့လား ...........?

No comments:

Post a Comment