အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Tuesday, September 25, 2012

အချစ် နဲ့ ရှင်သန်ခြင်း


  • ချစ်သူ
  •  
  • တို့  ရင်ဘက်ကြီးနဲ့ ရင်းပြီးချစ်ခဲ့ပေမဲ့
  •  
  • မင်းအချစ် တစ်သွင်သွင်စီးဆင်တဲ့
  •  
  • မာယာမြစ်ပြင်မှာ
  •  
  • ရေတိုက်စားခြင်းခံနေရတဲ့
  •  
  • ချောက်ကမ်းပါ တို့ ရယ်ပါ
  •  
  • မုသားမပါ လင်္ကာမချောဆိုပေမဲ့
  •  
  • အရိုးသားဆုံးချစ်နေခဲ့တယ်
  •  
  • ချစ်သူ  မင်းရဲ့လှည်စားမှုတွေ
  •  
  • ကျားကွက်အရွေ့မှားတဲ့အခါ
  •  
  • မင်းအရှုံးဆိုတာထည့်မတွက်
  •  
  • ရှေဆက်ရှင်သန်ပေးပါ
  •  
  • အချစ်နဲ့ ရှင်သန်ခြင်း
  •  
  • ဆိုတဲ့ ခံစားမှုကို
  •  
  • နားလည်လာမှာပါ....။

No comments:

Post a Comment