အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Tuesday, September 11, 2012

ဆန္ဒကလေးများ

ချစ်သူ....
လေအဝှေ့မှာ
ကြွေလွင့်တော့မယ့်
အသဲတခိုင်ကို
မလဲယိုင်သွားအောင်
မင်းအချစ်နဲ့ဖေးမပေးပါ

ချစ်သူ....
မင်းအချစ်တတိုင်းက
ခိုင်ပါစေ
မင်းမေတ္တာကစစ်ပါစေ
မင်းကမ္ဘာက
အေးချမ်းပါစေ

ချစ်သူ....
တို့တွယ်တာက
မင်းမေတ္တာနဲ့
မင်းချစ်ခြင်းတွေပါ
မင်းမာယာတွေ
ထားခဲ့စေချင်ပါတယ်

ချစ်သူ....
တို့ခိုဝင်မယ့်
မင်းရင်ခွင်က
မပြစ်မကင်းရင်နေပါ
ချစ်စစ်နဲ့တော့ချစ်စေချင်တယ်
တစ်သက်စာအတွက်
ခိုလှုံခွ့င်ပြုပေးနော်

No comments:

Post a Comment