အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Saturday, September 8, 2012

ကျေးဇူးပြုပြီး နင် ပြတ်သားပေးပါ

ချစ်သူ
နင်   မပိုင်ချင်
နင်  ရင်မခုန်တဲ့
ငါ့ လက်တွေကို
ဆက်မတွဲပါနဲ့လား
ငါ့  အချစ်က
နင့် အတွက်
မွန်းကျပ်နေမယ်ဆိုရင်ပေါ့
ငါ ပျော်ချင်တယ်ဟာ
လွတ်လပ်စွာ
နင်  ထွက်သွားပေးပါ
နင့် ကိုချစ်ရတာ
အရူးတစ်ယောက်လိုပါဘဲလား
နင် ခံစားလို့ရရင်
ငါ့ကို ခေါ်တယ်
နင် ပျော်ရွှင်နေရင်
မေ့ထားတတ်တာ
ငါ့ အချစ်က
နင့် အတွက်
အပျင်းပြေလား
အစားထိုးခံရတာလား
ငါ  မစဉ်းစားတတ်အောင်
နင့် ကိုချစ်တာဆိုတော့
သေချာပြီ ငါရူးနေတာ
နင် ပြတ်သားပေးပါ
နင် မချစ်နိုင်တဲ့
လူ တစ်ယောက်ရဲ့
လက်တွေကို စွန့်လွှတ်ပေးပါ

No comments:

Post a Comment