အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Saturday, September 8, 2012

မမြင်နိုင်တဲ့သံယောဇဉ်ကလေးများ

မမြင်နိုင်တဲ့အဖြူရောင်

သံယောဇဉ်ကလေးတွေနဲ့

အစဉ်နွေးထွေးကြိုဆို

ကမ်းလင့်လျှက်ရှိတဲ့ ဒီဆိုဒ်လေးမှာ

ဘယ်နေရာဘယ်ရောက်ရောက်

မိသားစုကိုလွမ်းသကဲ့သို့

ဒီဆိုဒ်လေးကိုလဲလွမ်းမိပါတယ်

ဒီဆိုဒ်လေးထဲရောက်ခဲ့ရင်

ပညာမတက်တဲ့

ငါဆိုတာလည်းမရှိတော့သလို

စာမတက် ဆင်းရဲတဲ့

ငါလည်းမရှိတော့လောက်အောင်

နွေးထွေးပျော်ရွှင်ရပါတယ်

မသိခဲ့သေးတာတွေကို

သုတရအောင် အမောပြေစရာ

ဟာသလေးတွေနဲ့

အစဉ်နွေးထွေးစေတဲ့

ဒုတိယ မိသားစုကလေးပါ

No comments:

Post a Comment