အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Thursday, October 11, 2012

လုံးဝမသက်ဆိုင်တော့ပါ

အချစ်နဲ့မာယာကို
သေချာအောင်မသိတဲ့ငါ့အတွက်
နင်ကတော့ကျားကွက်ရွေ့ကစားပြီး
အနိုင်တွေရနေတကတ်ပြီနော်
နင်နိင်ပါတယ်ပြုံးနေစမ်းပါ
လှည့်စားတယ်လို့မပြောရက်သလို
အနိုင်ယူတယ်လို့လည်းမဆိုရက်ဘူးနော
ဘ၀ကြမ်းတဲ့ငါ့ရဲ့နှလုံးသားကတော့
နင်နဲ့ပတ်သက်ခဲ့ရင်ထိရှလွယ်ခဲ့တယ်
လူတိုင်းကအချစ်ဆိုတာကို
တန်ဖိုးထားတတ်ကြတယ်လေ
နင်ရဲ့တန်ဖိုးမထားတတ်တော့တဲ့
ငါ့အချစ်တွေကလည်း
နင်နဲ့မတန်တော့တာအမှန်ပါ
နင်သာတစ်နေ့နင်နဲ့
ထိုက်တန်ညီမျှတဲ့အချစ်တွေ့ပါစေ
တန်ဖိုးလည်းထားပေးနိုင်ပါစေနော်
အချစ်ဆိုတာချစ်နေဖို့ပါ
အပြစ်တွေဖို့နေကြရင်
ကျန်တဲ့ဘ၀ထဲရောက်ဖို့မလွယ်ဘူးနော်
ငါမသိတဲ့နင့်မာယာကို
ငါ့နှလုံးသားမြို့တော်ကနှင်လိုက်ပြီနော်
လုံးဝမသက်ဆိုင်တော့ပါ
နင်လွတ်လပ်ခွင့်ရပါစေဆိုပြီတော့ပေါ့

No comments:

Post a Comment