အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Thursday, October 11, 2012

နှုတ်ဆက်လိုက်ပြီနော........

ဝေဒနာတွေအဖြေရှာမရအောင်
အသေချာမှားနေတာငါကိုယ်တိုင်ပါ
ဒီအမှားတွေကြောင့်ခံစားနေရတဲ့
အဖြစ်ရယ်  အမှန်တော့
ငါမသိခဲ့တဲ့အချစ်ဆိုတာဘ၀ရဲ့
ထမင်းတစ်လုပ်မဖြစ်ခဲ့သလို
ခရီးတစ်ဝက်လည်းမရောက်တဲ့အရာပါ
ချပြလိုမလှတဲ့ဒီဘ၀မှာ
အချစ်ဆိုတာလဲဘယ်လိုလှနိုင်မလဲလေ
လက်တွေကရုန်းကန်မှုပါ
တုံပြန်မှုမရှိ  ရသမဲ့နေတဲ့
နင့်အချစ်ခက်ချာချာမှာ
ငါ့ကိုခပ်သာသာလေးလှည့်စား
အထင်မှာပျော်ဝင်အောင်
တော်လှပတဲ့နင့်ပရိယာယ်
ချာချာလည်အောင်ပြုစား
ခုများတော့ နေစမ်းမှာ
ငါ  အပြုံးလေးနဲ့ခပ်သာသာလေး
နှုတ်ဆက်လိုက်ပြီးနော်.....

No comments:

Post a Comment