ချစ်ခြင်းရဲ့သံစဉ်တေးသွားလေးနဲ့
ကန်ရေပြင်ကိုငေးမောနေချိန်
အတွေးထဲမှာ ၀င်လာတာ
နင့်ပုံရိပ်လေးတွေအနဲ့အတူ
နင်ထားသွားတဲ့အတိတ်နေ့တွေနဲ့
နေ၀င်ခဲ့ချိန်တွေက ငါ့အတွက်
ကြောက်စရာကောင်းလောက်အောင်
ဖော်မဲ့ကြေကွဲခဲ့ရတဲ့နေ၀င်ချိန်တွေပါ
ငါနေတက်ခဲ့ပါပြီ နင်ထားသွားပေးလို့
ခုချိန်တွေမှာနင့်ကို ကျေးဇူးတင်ပါတယ်
အရာရာကိုငါ မဆုံးရှုံးတော့လို့ပါ
အချစ်ရဲ့အနောက်မှာက
အမုန်းနဲ့အတူကြေကွဲခြင်းတွေ
ကျဆုံးခြင်းတွေနဲ့အတူ
ဆုံးရှုံးမှုတွေပါခံစားခဲ့ကြရတာလေ
ငါ နေမင်းကြီးကိုနှမျောနေရင်
လမင်းကြီးကိုပါဆုံးရှုံးရလိမ့်မယ်
အဲ့တော့ငါ့ဘ၀ရဲ့နေ၀င်ချိန်တွေမှာ
ငါပျော်တက်နေပါပြီ။
No comments:
Post a Comment