အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Friday, March 15, 2013

♥♥♥မေ့မထားပါနဲ့  ချစ်သူ♥♥♥



နေ့ တွေ လ စား
လ တွေ နှစ်မြို
တိမ် တွေရွေ့ လျား
မေ့မသွားပဲ
ထာဝရ တည်ရှိနေတာ
အမြဲတမ်း နုပျိုတဲ့
အချစ်စစ်နဲ့ ပါ......။
###########
သဘာဝ ဖြစ်တည်ခြင်း
ပေါက်ပွားလာတဲ့
ရင်တွင်းဆန္ဒ
မေ့မသွားပါနဲ့  ချစ်သူ......။
############
အသစ်အသစ်တွေ
သိပ်များတဲ့ ခေတ်ထဲမှာ
အဖြစ် အပျက်တွေ လဲ သိပ်များတယ် ချစ်သူ
ပြောင်လဲ မှု့ အသိုင်းဝန်းတွေကြား
တို့ နှစ်ယောက်
အိမ်မက် ကမ္ဘာ
ချစ်သူ မေ့ထားမှာ စိုးတယ်....။
#################
ထာဝရ အိမ်မက်တွေ
ယိုင်လဲ မသွားပါနဲ့  ချစ်သူ
ချစ်သူ ပြောတဲ့ တစ်နေ့ 
အဲ့ တစ်နေ့ ကို
မေ့မသွားပါနဲ့ နော်.......။

No comments:

Post a Comment