အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Wednesday, May 1, 2013

♥အချစ်+အင်အား♥

အချိန်တိုင်း လွမ်းနေမိတယ်
အချိန်တိုင်းလဲ အနားမှရှိနေချင်တယ်
အမြဲတမ်းလဲ ချစ်သူကိုတမ်းတမိတယ်
အမြဲတမ်းလဲ ချစ်သူရဲ့ လိုအင်တွေ ဖြည့်ချင်သူပါ

တမ်းတတယ်ဆိုတာ
ငါ လိုအပ်လို့ မဟုတ်ပါဘူး ချစ်သူ
ပေးဆပ်ချင်တဲ့ နှလုံးသားကဆန္ဒလေးပါ
ပျော်စေချင်တယ် ချစ်သူ

ချစ်တက်တဲ့ လူတစ်ယောက်အတွက်
အချစ်ဆိုတာ အင်းအားကြီးလှပါတယ်
ကိုယ် ချစ်တဲ့သူ ရဲ့အပြုံး တစ်ချက်ကလဲ
ကိုယ့် အတွက် အရာရာကို အောင်မြင်စေပါတယ်

ကိုယ့် ချစ်သူရဲ့ စကားလုံးလေးတွေက
ကိုယ့်အတွက် စာတွေစီ ကဗျာ တွေမမှီနိုင်သလို
သံသာသာ တေးသီချင်းတွေ ဝေးလွင့်စေသူပါ

ကိုယ် ချစ်တဲ့ သူဆီက
အရမ်း....ချစ်တယ်နော် ဆိုတဲ့
စကားတခွန်းက ဘယ်အရာနဲမှ နှိုင်ယှဉ်လို့ မရနိုင်ဘူးနော်




 2.5.2013........1:41 AM

No comments:

Post a Comment