Thursday, January 2, 2014
အချစ်မဲ့သော မာယာ ရှင်ရေ
အချစ်မဲ့သော မာယာ ရှင်ရေ
ဝေဒနာတော့ မကြေကြာတော့ပါဘူး
သေချာတယ် နင် လိမ်ညာနေမှန်
ကျိမ်စာတွေ မြေခစေတဲ့
ဒီ အပြော
ဒီ အပြုံး ကို
အကြိမ်ကြိမ် ခါခါ ကျရှုံးစေတယ်
နေပါစေလေ
ဖြေ ဆည်ရာ ရင်မှာ ထွေးပိုက်
နင်…………မစေ ပါပဲ
ကျေနပ်စွာ ထွက်သွားခွင့်ပြုပါ။
ရှင်သန်ခြင်း နေ့ သစ် သို့ ........
နေ ......အနွမ်း
လ .......အလွမ်း နဲ့ 
နေ့ ရက်တွေ လည်ပတ်
လှည့်ထွက်မရတဲ့  ကံကြမ္မာ ကြား
ဗျာ များရင်း
အလွမ်း အဆွေး ဘေးချိတ်
ဝမ်းရေး တိတ်တိတ် ဖြေရှင်း နေချိန်
ဖုံးအုတ်ထားတဲ့  အလွမ်း ဒဏ္ဌာရီ စာအုတ်လေးတောင်
လွမ်းစရာမရှိတော့ လွမ်းလက်ကျန်လေးနဲ့ ပဲ ရစ်မူးနေရရှာပေါ့
တိတ်ဆိတ်ခြင်းတွေ ခင်းကျင်းထားတဲ့  ညနက်နက် အိပ်ရာပေါ်
ကျောဆန့်  မနက်ဖြန်အတွက် ခရီးဆက်နေရပြန်ပြီ
နိုးထခြင်း မနက်ဖြန်တွေ အလွမ်းမပါပဲ နိုးထနိုင်ဖို့ 
ခုတော့ မျက်လုံးစုံမှိတ် အိပ်စက်ပြစ်လိုက်မယ်ကွာ
လင်းလက်တဲ့  မနက်ဖြန်အတွက်
ရှင်းလင်းတဲ့  နေ့ ရက်လေး ပိုင်ဆိုင်နိုင်ဖို့ 
လွမ်းလက်ကျန်လေး သောက်သုံးလိုက်အုံးမှ
ပြောက်ဆုံးခဲ့ တဲ့ 
ရှင်သန်ခြင်း နေ့ သစ် သို့ ........
♥ယုံကြည်ခြင်း ခွန်အား♥
ကိုယ့်ဘ၀ကို နုံချာတယ်တယ်ရယ်လို့  စိတ်အတွေးနဲ့  မာန်တွေချပြီး ဘ၀ဆိုတဲ့ ရေဆန်ခရီးကို ရေဆုန်မျောဖို့ မတွေးပဲ။
ဒီခေတ် ဒီခါမှာ ယူတက်ရင်မြတ်သလို မယူတက်ရင် ဘ၀ပါပျက်နိုင်တယ်ဆိုတာတော့ မေ့မထားနဲ့ ။
မိန်းကလေးဖြစ်လို့  ဘ၀ ၀မ်းရေးအတွက် လမ်းဘေးဓျေးရောင်းရလို့  ကိုယ့်စိတ်ဓါတ်တွေပါ ချမရောင်းမိအောင် ရှောင်ကျင်
နောင်ပြင်မရတဲ့ အမှားတွေပါတက်လို့ ။
မိန်းမလည်း လူ ယောကျာင်္းလည်း လူ တိုင်းမှာ ကိုယ့်ဘ၀ကို ကိုယ်ပုံဖော်နိုင်ခွင့်ရှိပါတယ်။
ဆေးစက်ကျရာအရုပ်ထင်ဆိုပေမယ့် မည်သူမဆိုလှပတဲ့ ကာလာနဲ့  လှပတဲ့
ဘ၀ကို ရေးဆွဲချင်ကြတာပေါ့။
ရပ်တည်ခွင့်ရထားတဲ့
ဘ၀ တစ်ဆစ်ကို သင်လွယ်လွယ်ရခဲ့လား?
ဘာတွေ ရင်းခဲ့ရလဲ?
ဘာတွေ သင်ယူခဲ့ရလဲ ?
ဘာတွေ တွေ့ ကြုံခဲ့ရလဲ?
တက်လာခဲ့တဲ့  လှေကားတွေ ချိုးကွေ့ ခဲ့ရတဲ့  အချိုးအကွေ့ တွေ ဆန့် ခဲ့ရတဲ့မိုင်ထောင်ချီခရီးတွေ အဲ့တာတွေက သင့် ဘ၀အတွက်
တစ်သက် သင်ယူခြင်း လေ့လာခြင်း အတက်ပညာတွေပါ။
ရလာတဲ့ ဘ၀ကို ရပ်တည်
လိုချင်တဲ့ ဘ၀ကို ထုဆစ်
လျှောက်နေတဲ့ လမ်းကို အသန့် ရှင်းဆုံးရှေဆက် တည့်တည့်မက်မက် ယုံကြည်ထားရင်
ဘ၀မှာ ရလာသမျှ.............ယုံကြည်ခြင်း ခွန်အားတွေပါပဲ။
ဒီခေတ် ဒီခါမှာ ယူတက်ရင်မြတ်သလို မယူတက်ရင် ဘ၀ပါပျက်နိုင်တယ်ဆိုတာတော့ မေ့မထားနဲ့ ။
မိန်းကလေးဖြစ်လို့  ဘ၀ ၀မ်းရေးအတွက် လမ်းဘေးဓျေးရောင်းရလို့  ကိုယ့်စိတ်ဓါတ်တွေပါ ချမရောင်းမိအောင် ရှောင်ကျင်
နောင်ပြင်မရတဲ့ အမှားတွေပါတက်လို့ ။
မိန်းမလည်း လူ ယောကျာင်္းလည်း လူ တိုင်းမှာ ကိုယ့်ဘ၀ကို ကိုယ်ပုံဖော်နိုင်ခွင့်ရှိပါတယ်
ဆေးစက်ကျရာအရုပ်ထင်ဆိုပေမယ့် မည်သူမဆိုလှပတဲ့ ကာလာနဲ့  လှပတဲ့
ဘ၀ကို ရေးဆွဲချင်ကြတာပေါ့။
ရပ်တည်ခွင့်ရထားတဲ့
ဘ၀ တစ်ဆစ်ကို သင်လွယ်လွယ်ရခဲ့လား?
ဘာတွေ ရင်းခဲ့ရလဲ?
ဘာတွေ သင်ယူခဲ့ရလဲ ?
ဘာတွေ တွေ့ ကြုံခဲ့ရလဲ?
တက်လာခဲ့တဲ့  လှေကားတွေ ချိုးကွေ့ ခဲ့ရတဲ့  အချိုးအကွေ့ တွေ ဆန့် ခဲ့ရတဲ့မိုင်ထောင်ချီခရီးတွေ အဲ့တာတွေက သင့် ဘ၀အတွက်
တစ်သက် သင်ယူခြင်း လေ့လာခြင်း အတက်ပညာတွေပါ။
ရလာတဲ့ ဘ၀ကို ရပ်တည်
လိုချင်တဲ့ ဘ၀ကို ထုဆစ်
လျှောက်နေတဲ့ လမ်းကို အသန့် ရှင်းဆုံးရှေဆက် တည့်တည့်မက်မက် ယုံကြည်ထားရင်
ဘ၀မှာ ရလာသမျှ.............ယုံကြည်ခြင
Subscribe to:
Posts (Atom)