အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Thursday, January 2, 2014

ရှင်သန်ခြင်း နေ့ သစ် သို့ ........



နေ ......အနွမ်း
လ .......အလွမ်း နဲ့ 
နေ့ ရက်တွေ လည်ပတ်

လှည့်ထွက်မရတဲ့  ကံကြမ္မာ ကြား
ဗျာ များရင်း
အလွမ်း အဆွေး ဘေးချိတ်
ဝမ်းရေး တိတ်တိတ် ဖြေရှင်း နေချိန်

ဖုံးအုတ်ထားတဲ့  အလွမ်း ဒဏ္ဌာရီ စာအုတ်လေးတောင်
လွမ်းစရာမရှိတော့ လွမ်းလက်ကျန်လေးနဲ့ ပဲ ရစ်မူးနေရရှာပေါ့

တိတ်ဆိတ်ခြင်းတွေ ခင်းကျင်းထားတဲ့  ညနက်နက် အိပ်ရာပေါ်
ကျောဆန့်  မနက်ဖြန်အတွက် ခရီးဆက်နေရပြန်ပြီ

နိုးထခြင်း မနက်ဖြန်တွေ အလွမ်းမပါပဲ နိုးထနိုင်ဖို့ 
ခုတော့ မျက်လုံးစုံမှိတ် အိပ်စက်ပြစ်လိုက်မယ်ကွာ

လင်းလက်တဲ့  မနက်ဖြန်အတွက်
ရှင်းလင်းတဲ့  နေ့ ရက်လေး ပိုင်ဆိုင်နိုင်ဖို့ 
လွမ်းလက်ကျန်လေး သောက်သုံးလိုက်အုံးမှ

ပြောက်ဆုံးခဲ့ တဲ့ 
ရှင်သန်ခြင်း နေ့ သစ် သို့ ........


No comments:

Post a Comment