အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Thursday, January 2, 2014

♥ယုံကြည်ခြင်း ခွန်အား♥

 ကိုယ့်ဘ၀ကို နုံချာတယ်တယ်ရယ်လို့  စိတ်အတွေးနဲ့  မာန်တွေချပြီး ဘ၀ဆိုတဲ့ ရေဆန်ခရီးကို ရေဆုန်မျောဖို့ မတွေးပဲ။

ဒီခေတ် ဒီခါမှာ ယူတက်ရင်မြတ်သလို မယူတက်ရင် ဘ၀ပါပျက်နိုင်တယ်ဆိုတာတော့ မေ့မထားနဲ့ ။

မိန်းကလေးဖြစ်လို့  ဘ၀ ၀မ်းရေးအတွက် လမ်းဘေးဓျေးရောင်းရလို့  ကိုယ့်စိတ်ဓါတ်တွေပါ ချမရောင်းမိအောင် ရှောင်ကျင်
နောင်ပြင်မရတဲ့ အမှားတွေပါတက်လို့ ။

မိန်းမလည်း လူ ယောကျာင်္းလည်း လူ တိုင်းမှာ ကိုယ့်ဘ၀ကို ကိုယ်ပုံဖော်နိုင်ခွင့်ရှိပါတယ်

ဆေးစက်ကျရာအရုပ်ထင်ဆိုပေမယ့် မည်သူမဆိုလှပတဲ့ ကာလာနဲ့  လှပတဲ့

ဘ၀ကို ရေးဆွဲချင်ကြတာပေါ့။

ရပ်တည်ခွင့်ရထားတဲ့
  

ဘ၀ တစ်ဆစ်ကို သင်လွယ်လွယ်ရခဲ့လား?

ဘာတွေ ရင်းခဲ့ရလဲ?

ဘာတွေ သင်ယူခဲ့ရလဲ ?

ဘာတွေ တွေ့ ကြုံခဲ့ရလဲ?

တက်လာခဲ့တဲ့  လှေကားတွေ ချိုးကွေ့ ခဲ့ရတဲ့  အချိုးအကွေ့ တွေ ဆန့် ခဲ့ရတဲ့မိုင်ထောင်ချီခရီးတွေ အဲ့တာတွေက သင့် ဘ၀အတွက်
တစ်သက် သင်ယူခြင်း လေ့လာခြင်း အတက်ပညာတွေပါ။

ရလာတဲ့ ဘ၀ကို ရပ်တည်
လိုချင်တဲ့ ဘ၀ကို ထုဆစ်
လျှောက်နေတဲ့ လမ်းကို အသန့် ရှင်းဆုံးရှေဆက် တည့်တည့်မက်မက် ယုံကြည်ထားရင်

ဘ၀မှာ ရလာသမျှ.............ယုံကြည်ခြင်း ခွန်အားတွေပါပဲ။

2 comments:

  1. အရမ်​ကို​ကောင်းပါတယ်​​ကျေးဇူးပါ

    ReplyDelete
  2. အရမ်​ကို​ကောင်းပါတယ်​​ကျေးဇူးပါ

    ReplyDelete