အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Thursday, January 24, 2013

~~~~~~(~.~)တချိန်တုန်း.....က(~.~)~~~~~~~~




ချစ်ခဲ့ဖူးတယ် တစ်ချိန်တုန်းက


ရုန်းထွက်မရတဲ့ သံယောဇဉ်


ရင်ခုန်ခြင်းတွေနဲ့  ကဗျာတွေရေးခဲ့ဖူးတယ်


စကားလှလှလေးတွေကြောင့်



အိမ်မက်တွေ လှခဲ့ဖူးတယ်



အပြုံးချိုချိုတွေနဲ့



ငါ့ ကမ္ဘာကို အလှဆင်ခဲ့ဖူးတယ်



ခုတော့ ချစ်သူရယ်



ပုံပြင်ဆန်ဆန် အလွမ်းတွေနဲ့



တစ်ခါတစ်ခါ လွမ်းမိနေတုန်းပဲလေ



အချိန်က အချစ်တွေက



လေထဲကအချစ်တစ်ခုပဲမို့ 



အလွမ်းသက်သက်ဖြစ်ခဲ့ရပြီ



ချစ်သူရယ်

No comments:

Post a Comment