အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Friday, January 25, 2013

$$$$$=ညီမလေး……သို့ =$$$$$


ညီမလေးရေ   ဘ၀ပေးက နက် ပါသတဲ့ ဘယ်လိုအတွေးတွေနဲ့  ဒီဘ၀မှာသာယာနေသလဲကွယ်

လက်ရှိပိုင်ဆိုင်ထားတဲ့ဘ၀က အခက်ခဲတွေဘယ်လိုကျော်ဖြတ်သင့်သလဲ ညီမလေးတွေးမိမှာပါ

အတွေးဆိုတာအကောင်ထည်ဖော်မှ ရုပ်လုံးပေါ် ပန်ချီကားဖြစ်လာမှာမို့ 

ညီမလေးလိုချင်တဲ့ ဘ၀က ဒီလိုလား သူငယ်ချင်းတွေနဲ့   ကလပ်သွား ဘီယာသောက် အဖော်စုံရင်

ဆေးခြောက်တွေသုံးဆွဲရတဲ့ ဘ၀မျိုးကို ညီမလေး မက်မောနေပြီနော်  ညီမလေးဖြတ်သန်းနေတဲ့ လက်ရှိဘ၀မှာ

ညီမလေးရေ  ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေကိုမေ့မထားပါနဲ့ကွယ်

လာရာလမ်းတွေမေ့မထားနဲ့ကွယ်  ဒုက္ခတွေ့ မှ အမိတလဲ တို့တွေအတွက်သူရဲကောင်းက ကိုယ်တိုင်ပါပဲ

ကိုယ့်ဘ၀ရဲ့ ပဲကိုင်ရှင်က ကိုယ်တိုင်ပဲမို့  ကိုယ့် ကိုကိုယ်ဖြတ်သံချေတက်မဖြစ်စေချင်ဘူးကွယ်

ဘ၀ငရဲ ဖယ်ရှာမလွယ် ဒီအရွယ်မှာ ပြုပြင်ကြကွယ် 

ညီမလေးရေ  လာရာလမ်းလေးပြန်လှည့်ကြည့်ကွယ်  အမေနဲ့ ကျန်ခဲ့တဲ့ရွာကလေးကိုပေါ့

တို့အတူရွားကထွက်ခဲ့ကြတဲ့ ရည်ရွယ်ချက်တွေက မိသားစုလေးသာယာရေးနော်

ခုက ညီမလေး ဘ၀လေးသာယာနေတဲ့အချိန်လို့ထင်ပြီးမေ့နေပြီလား

မမေ့နဲ့ကွယ်  အဲ့တာတင်္ဂကတွေပါ သဘာဝမဟုတ်တဲ့ ပကာသနတွေခြားမှာ

အလှတွေနဲ့ ခုန်မင်  ကာလာစုံတွေချယ်လို့  မာယာဇုံမှာ မျှောမနေပါနဲ့ကွယ်

မတည်မြဲတဲ့အလှနဲ့ ရခဲ့တဲ့လူဘ၀ကို လုပ်ချင်တာထက် လုပ်သင့်တာလေးတွေ

တို့တွေရွေးချယ်ကြဆို့ နော်……….။

1 comment: