ချစ်သူ ငါ့မှာ မာယာမရှိခဲ့ပါဘူး
နင်မခံစားတက်တဲ့ ငါ့ ရင်ခုန်ခြင်းက
ရိုးရှင်းဖြူစင်ခဲ့တာပါ
ဖြူစင်မှု့ကို အရောင်မဆိုးချင်လို့
ရှောင်ပုန်းခြင်းက မာယာ ဆိုရင်
ငါ အဲ့အသုံးနှုန်းကို ခံယူလိုက်ပါမယ်
ကဗျာရေးဖို့ အတွေးတွေးတိုင်း
ခေါင်းထဲ အသိစိတ်ထဲ
ဝင်လာတာ နင့်အကြောင်း
အပြင်မှာနှင်းတွေဝေနေလဲ
ငါ ရင်ထဲမှာ မအေးချမ်းစေနိုင်ခဲ့ဘူး
နင့်ရှေ့ မှာ အကြိမ်ကြိမ်ကျရှုံးခဲ့ရလို့
အရှုံးဆိုတာ ငါ့ အတွက်မထူးဆန်းတော့ပေမဲ့
တစ်ခါတစ်ခါ ကျရှုံးခြင်းဆိုတဲ့
အသိစိတ်တစ်ခုက
ကောင်းကင်က ကြယ်ကလေးတွေလောက်တောင်မှ
မလင်းလတ်နိုင်ခဲ့ဘူးလေ
ရင်ခွင်တံခါးကိုဖွင့်လို့
တောက်ပတဲ့လမင်းကြီးအနားက
လင်လတ်တဲ့ ကြယ်ကလေးအဖြစ်တော့
လွတ်လပ်စွာ လင်းလတ်ချင်ပါဘိ
No comments:
Post a Comment