အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Friday, February 22, 2013

မနက်ဖြန်......ဆိုတဲ့ ရှင်သန်ခြင်း


မနက်ဖြန်တိုင်း



မနက်ဖြန်တိုင်း



ရှင်သန်နေတဲ့



တို့ ရဲ့ စိတ်တွေ



သန်ရှင်အောင်ထားကြရအောင်



ငြူစူမှု့ တွေ မထားပါပဲ



ကြည့်ဖြူစွာ ခင်ကျင်ပေးပါ။



သင် လျှောက် သောလမ်း



ဆူးခင်းပါ စေ



ဖြူစင် စိတ်ကြောင့်



ဆူး ကင်းပါတယ်



သင် မကြားချင်းဆုံးစကား



ကြားရတဲ့ နေ့ ဟာ



သင့် အတွက်



အားမာန်ပေးတဲ့ ဆေးတစ်ခွက်ပါ။



သင့် ရဲ့  မနက်ဖြန်ဟာ ဘာလဲ?



ရှင်သန်ခြင်းပဲ



ရှင်သန်ခြင်းမှာ သန်ရှင်ဖို့ပါ။



မာန် မာန ကင်းကင်းနဲ့ 



ရိုးရှင်းတဲ့ ဘ၀ ပိုင်ဆိုင်ပါစေ



ဘ၀တိုင်း ဘ၀တိုင်း



အလင်းနဲ့  အမှောင်



နှစ်မျိုးတည်းပါ



အမှောင်ထဲ ရောက်တိုင်း



မှားတယ်မထင်ပါနဲ့ 



မှားလွယ်တဲ့  စိတ်သာ အဓိကပါ။



အလင်းထဲ ရောက်လို့



မရှင်းမရှင်းတွေ မလုပ်ပါနဲ့ 



ခင်ကျင်ပြမှု့  ကသိပ်ရှက်ဖို့ ကောင်းးပါတယ်



ခက်ခဲပေမဲ့ အကြပ်တဲတွေကို ဖြူစင်စွာဖြေရှင်းမယ်

No comments:

Post a Comment