အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Saturday, February 2, 2013

++++တစ်နေ့♥♥♥♥♥…….သို့++++




သြ……..
ခက်ခဲလိုက်တဲ့ ဘ၀နယ်
ဘာတဲ့ ဟောင်းနွမ်းတဲ့ ပစ္စည်းကြောင့်
အသေးစားငွေချေးဆိုင်းက
လက်မခံနိုင်ဘူးတဲ့
ရှင်သန်ခြင်းဆိုတာ………ဒါလား..?

ရော်..….
ခက်လိုက်တဲ့  နှလုံးသားနယ်
ကဗျာ ကိုမြင်ရင် ရင်ခဏခဏခုန်ခုန်လာတယ်
မတူညီတဲ့ ဘ၀ကြောင့်
ကဗျာ ကလက်မခံနိုင်ဘူးတဲ့
အချစ်ဆိုတာ  ဒါလား……?

ဘာတဲ့
ဘာဘွဲ့ ရပြီးပြီလဲတဲ့
ဘာအလုပ်လိုပ်ကိုင်သလဲတဲ့
အသိုင်းဝိုင်းဆိုတာ…..ဒါလား……..?

ဟုတ်
ဘွဲ့ ကတော့ ရရင်ချိတ်စရာ
အိမ်မရှိလို့  ရအောင်မယူခဲ့ပါဘူး
အလုပ်ကတော့  အလုပ်သမား
အငှားခေါ်တဲ့လူရှိရင် အဲ့အလုပ်လုပ်ပါတယ်
ရုန်ကန်းခြင်းဆိုတာလာ……….?

ကဗျာ
လက်မတွဲပါနဲ့ 
လက်ကမ်းကြည့်တာပါ
ဆက်လှမ်းစရာ လမ်းတချို့အတွက်
ခွန်းအားတမျှ တောင်တမိပေမဲ့
ဘ၀မလှတဲ့ အညတြမို့ 
ခဏခဏကျရှုံးမှု့ ကို
အံတုပါရစေအုံး.......။

တနေ့ပေါ့….
အဲ့တနေ့မှာ……..ကဗျာ နဲ့အတူ
ပန်းတိုင်ဆိုတာကို ပြုံးပြုံကြီး
ထိုင်ကြည့်ရမဲ့  တနေ့ပေါ့

No comments:

Post a Comment