အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Wednesday, February 6, 2013

မလှပ တဲ့ ညခါးခါး




နံနက်…..၂.၂၅ မိနစ်

ဒီအချိန်ဆို လောကကြီးထဲက လူတွေ အိပ်စက်နေကြပြီ ကျမအိပ်ခွင့်မရှိတဲ့ ညတွေပါ။
အိပ်စက်ခြင်းမှာ လင်လတ်တဲ့ အိမ်မက်တွေရှိတယ် ကျမကြားဖူးခဲ့ရုံပါ။
သောကကင်းတဲ့ သူတို့ ရဲ့အိပ်စက်ခြင်းကို ကျမ အားကျမိပါတယ် ဒီဘ၀တော့အပြည့်ဝရမယ်မထင်ပါ။

~~~~~~~@@@@@@~~~~~~~~

ဒီအချိန် ကျမကတော့ အိပ်စက်ခွင့်မရှိတဲ့ မလင်းလတ်တဲ့ သောကကင်းတဲ့ အိပ်စက်ခွင့်မရှိပဲ
မလှပတဲ့ ညခါးခါး မှာ ခရီးဆက်သူပါ…ဟော ရှေ့မှာ ဇရပ်အို တစ်ခုသေချာပြီ ကျမ နာစရာအချိန်တိုတစ်ခုပေါ့။

~~~~~~~~~@@@@@@~~~~~~~~~~

ဇရပ်အိုရဲ့ နားခိုခွင့်မှာ အိမ်မက်ခွင့်အလင်းလေးတော့ပိုင်ချင်ပါ၏
သိုပါသော်……ဟော တနေကုန်သွားပြန်ပြီ ကျမ ခရီးဆက်ရအုံးမည်။
မပြီးဆုံးနိုင်သေးတဲ့ မျှော်လင့်ချက်ခရီးရှည် ကျမဆက်ရပေအုံးမည်……။

~~~~~~~~~~@@@@@@~~~~~~~~~~~~~~

ခရီးတထောက်မှာမပြီးဆုံးတဲ့ အလှရေးခံစားချက်တွေ အတွေးလွန်ပန်းချီကားတွေ
ခဏ ခေါက်သိမ်းရင်း ညခါးခါးတွေ ဘ၀အလင်းထဲ ဆက်နှင်းရအုံးမှာပေါ့…။

~~~~~~~~~@@@@@@~~~~~~~~~~

 

No comments:

Post a Comment