အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Saturday, May 25, 2013

♥အိမ်ပြန်လမ်း♥







ကံကြမ္မာ ကို ယုံ ခဏခဏခုန်ဆင်းခဲ့လို့ 
နာကျင်ခြင်း ဝေဒနာ သွေးဖြာဖြာကျဆင်း
ကံကြမ္မာ ရက်စက်လေခြင်း

ကုန်ဆုံးခဲ့ သက်တမ်းတစ်ချို့ 
အငွေ့ တောင်မြင်ခွင့်မရခဲ့လို့ 
လမ်းလျှောက်ရင်း
လမ်းပြောက်လာတယ်

ပညာမတက် လို့  သင်ညာ တစ်ချို့ ရှာဖွေ
အတုယောင်တွေ အလှဆင်တဲ့ 
ဘ၀ ၀င်္ကဘာ စစ်တလင်းထဲ
မာန်ဟုန် တင်းလို့ 
တိုက် စစ် ဆင်

သားကောင် အလိုက်မှာတဲ့မုဆိုးလို
အငိုက်ဖမ်းဖို့  စောင့်နေတဲ့ 
သတ္တ၀ါဆိုးကြီး တွေကြား

မာယာတွေ ဖွဲ့ 
စည်းလှည့်စားခြင်းနဲ့  ရုန်းကန်
အမျိုးမှန်တဲ့  လူတစ်ယောက် ဖြစ်ဖို့ 
ကြိုးစားရင် နဲ့  အိမ်ပြန်လမ်း.............သို့  ။



26.5.2013..........:5:08 AM

No comments:

Post a Comment