အချစ်...နင်ကိုငါ...ချစ်တာငါရင်တွေတအားပူတယ်ဟာ စိုးရိမ်စိတ်များနေတာလား...နင့်အချစ်တွေကမအေးမြတာလား ငါမစဉ်းစားတက်ဘူးဟာ...ငါခုခံစားနေရတာက..နင့်ချစ်ခြင်းရဲ့ပေါ့ပြတ်ပြတ်ခံစားမှုတွေလား နင့်ကို...ပျော်ရွှင်လွတ်လပ်စွာနေစေချင်တယ်...ငါလည်းမခံစားနိုင်ဘူးဖြစ်နေတယ် ခုချိန်မှာငါ့ကိုဘာလိုချင်လဲမေးခဲ့ရင်...နင့်ရဲ့အေးမြတဲ့ချစ်ခြင်းလေးတစ်ခု ငါ့ကို...ပေးသနားပါလို့ပြောမိမှာပါ...ပူလောင်မှုတွေနဲ့ဝေးချင်ပါတယ်ဟာ ငါဆိုတဲ့မိန်ကလေးဘ၀က...သိတက်စကတည်းကပူပင်မှုတွေနဲ့ရှင်သန်ခဲ့ရတာပါ ပူလောင်မှုတွေဝေးပါရစေနော်...

Saturday, May 25, 2013

♥မှော်.....ဆရာ♥







ကိုယ့်ကို အသဲကွဲ ဖြေမဆည်
နေ ပန်းချီ အပူ ဒီဂရီတက်လို့ 
သေဆုံးပြီလို့ မှတ်ယူခဲ့တာ


မှော်ဆရာ မင်းနဲ့ တွေ့ မှာ
သေဆုံးခြင်းကို
မေ့လျော မွေ့ ပျော်စရာ

မှော်ဝင်္ကဘာ အလှ

မာယာ ၀င်ရိုးစွန်း က
ချစ်ခွန်းထပ်ထပ်
မုန်း လက်နက်တွေ ကာရံ


အဖန်ဖန် တလဲလဲ
သွေးစိမ်းရှင်ရှင်
ဓါးအထပ်ထပ် အမွန်းခံထားရတဲ့
ဒဏ်ရာ မှော်ဆရာ နဲ့  တွေ့ မှ
ပြောက်ကင်းပြီးထင်လိုက်တာ

ထင်မှတ်မထားတဲ့ တစ်နေ့ 

အဲ့ တစ်နေ့ က 

ငါ့ ရဲ့  အခမ်းနားဆုံး ကမ္ဘာပြိုပြတ်တဲ့နေ့ ပေါ့
အငြိုးတွေပြိုချ မိုးတွေပြိုကျလောက်တဲ့
မာန်တွေနဲ့  လမ်းခွဲခြင်း ဆိုတဲ့
မုန်တိုင်း အဆုံးတိုင်အောင် တိုက်ခက်လိုက်တာ



င့ါ ကမ္ဘာကိုပြိုရော...........။


26.5.2013.............5:16 AM

2 comments:

  1. အရမ်းကောင်းတဲ့ ခံစားမှု

    ReplyDelete
  2. အရမ်းမိုက်တယ်ဗ

    ReplyDelete